9 Nov 2009

သံဇဉ်မဲ့လရောင်

ဇက်ကြိုးအောက်က
မြင်းတကောင်
ဘယ်သူမှ မမြင်အောင်
မျက်ကာတပ်လို့
ကားမမှီအောင်ပင်
မြန်လိုက်တဲ့အပြေး
ကားအကျော်မှာ
သံခွာပြုတ်တာ
လရောင်'မ' သာလို့တဲ့လား...?

ကောင်းကင်က လရောင်
သာလိုက်တာ နေ တစင်းလိုပ
ထွန်းတောက်တဲ့
အလင်းရောင်ကြောင့်
အားလုံးကို 'အိပ်'မရစေဘူးတဲ့လား...?

နှလုံးသားက သံဇဉ်
ချရေးမိတဲ့ ကဗျာတပုဒ်
တိမ်ဖုံးနေတဲ့ လတခြမ်း
သူပေးလာတဲ့ ဖုန်းနံပါတ်
တုန်ယင်နေတဲ့ လက်အစုံကြောင့်
စကားတခွန်း ပြောမထွက်တာ
လ'မ' သာလို့ပဲလားဟင်...?

ကုန်းမြင့်ထက်မှ အသားတုန်အောင်
အသံကုန် အော်လိုက်ခြင်တာ
ကမ္ဘာတခုလုံးကြားအောင်ပေါ့...
လဝန်း
စိတ်ကူးပဲ ဖြစ်မှာပါလေ...။

လဝန်းသဇင်

No comments:

Post a Comment