9 Nov 2009

ညီမလေးဖတ်စရာမှတ်စရာ

ချစ်သူစုံတွဲတိုင်း အချစ်ကို မဆော့ကစားပဲ တကယ့်အချစ်စစ်အချစ်မှန်နဲ့
ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို
သာယာကြည်နူးဖွယ်ကောင်းမှာပဲနော်။ အခုတော့..........။

မိန်းမဆိုတာ စိတ်ကွယ်ရင် ဘာကြီးဖြစ်နေပါစေ ကျူးလွန်တဲ့သူ ဆိုရင်
အချောင်ရရင် အကုန်လုပ်တာကတော့ ယောက်ကျားတွေလေ။

သူဌေးမိန်းမက ဒရိုင်ဘာနဲ့ဖောက်ပြားတာ ဘာကြောင့်လဲ။ အသက်ကြီးနေတဲ့
ဦးလေးကြီးတစ်ယောက်ရဲ့ မိန်းမ နောက်လင်ငယ်နေတာ ဘာကြောင့်လဲ။
ယောက်ကျားအဝေးမှာ ရောက်နေလို့ နောက်တစ်ယောက်နဲ့ အဖော်ပြုနေတာ
ဘာကြောင့်လဲ။ တကယ်တော့ မိန်းခလေးဘက်က ဖောက်ပြန်ဖို့ အခွင့်အရေးတွေ
ပေးနေခဲ့ရင်တောင် မြင့်မြတ်တဲ့ ယောက်ကျားသာမှန်ရင်
ရှောင်နိုင်အောင်ရှောင်ခဲ့ရမှာပေါ့။ အခုတော့ အများကြီးကို တွေ့နေခဲ့ရတယ်။
ခလေးသုံးယောက်နဲ့ မိန်းမ ရှိနေပေမဲ့ မြူဆွယ်တဲ့ မိန်းမနောက်ကို
ကောက်ကောက်ပါအောင်လိုက်သွားတဲ့သူတွေ၊ ပိုက်ဆံမက်လို့ လာမြူဆွယ်တဲ့
ကောင်မလေးကို မရှောင်နိုင်ပဲ ဝင်တိုးခဲ့မိလို့ နောက်ဆုံး အေးချမ်းနေတဲ့
မိသားစုလေးပြိုကွဲသွားရတာတွေဟာ နောက်ဆုံးမှာ ဘယ်သူ့မှာ အပြစ်ရှိလဲ။
တကယ်တော့ ဘယ်သူမပြု မိမိမှုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကြည့်ရင်လည်း
(ဒု သ န သော)ဆိုတဲ့ ကြောက်စရာ ငရဲဆိုးကြီးကိုဆင်းနေတဲ့ ယောက်ကျားတွေ
အခုဒီခေတ်ကြီးထဲမှာ အများကြီးပါ။ ( ကျနော်အခုပြောနေတာတွေက သက်သေရှိပါတယ်။
သူတို့ရဲ့ အကြောင်းတွေကို နောက်ပိုင်းပိုစ့်တွေမှာ ရေးသွားမှာပါ။)

မိန်းခလေးတွေရဲ့ အချစ်ဟာ တဇွတ်ထိုးဆန်တယ်။ ချစ်ပြီးရင်
မပြောင်းလဲချင်ကြဘူး။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ သူတို့ချစ်မိတဲ့သူဟာ
မလွတ်မလပ်ကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ်သူတို့ကိုယ်တိုင်က မလွတ်မလပ်
ဆိုတာမျိုး ဆိုရင် အားလုံးမှာ စိတ်ဆင်းရဲစရာတွေနဲ့ နှစ်ပါးသွားရတော့မှာအပြင်
ပတ်ဝန်းကျင်မှာလည်း အရှက်ရစရာ၊ သံသရာမှာလည်း ငရဲရစရာ ကိစ္စတွေကို လုပ်ဖို့
ကြိုးစားနေသလိုမျိုးဖြစ်နေပြီလေ။ အဲဒါကြောင့်မိန်းခလေးတွေအနေနဲ့
ကိုယ့်ဘက်ကသူ့ကို ဘယ်လောက်ချစ်ချစ် အဖြေကို လွယ်လွယ်မပေးပဲ
သူ့အကြောင်းကို သူ့ဆီကမဟုတ်ပဲ တစ်ခြားသူဆီက အရင်သိအောင်စုံစမ်းသင့်ပါတယ်။

မိန်းခလေးတစ်ယောက်ရဲ့ ဘဝဆိုတာ စက္ကူဖြူတစ်ရွက်လိုပါပဲ။ အစွန်းအထင်းမခံဘူး။
မှားသွားတာကို ပြန်ဖျက်လို့ရပေမဲ့ အဲဒီ့အမှားကြီးကတော့ ဘဝနဲ့တူတဲ့
စာရွက်ဖြူလေးပေါ်မှာ အမြဲတမ်းထင်ကျန်ရစ်နေမှာပါလေ။
ကိုယ်တကယ်အားကိုးလောက်တဲ့ ယောက်ကျားဆိုတာ ရှိတော့ ရှိတယ် ရှားသွားပါပြီ။
မြင်တတ်အောင်ကြည့်ဖို့ အရေးကြီးတယ်။ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့
မိန်းခလေးတွေ ဒီလောကမှာ များလာပြီ။

ဘဝဆိုတာ လုပ်ချင်တာတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
လုပ်သင့်တာတွေအတွက်ကိုလည်း ဦးစားပေးသင့်ပါတယ်။
လုပ်ချင်တာတွေချည်းလုပ်နေတဲ့သူဟာ မဖြစ်သင့်တဲ့
အမှားတွေနဲ့လုံးပန်းနေရတော့မှာလေ။

ဘာပဲဖြစ်ဖြစ်ပါ။ လုပ်ချင်တာထက် လုပ်သင့်တာကို
တစ်ခါတစ်လေမှာဦးစားပေးလိုက်ပါ။ အဲဒီ့အကျိုးကျေးဇူးကို
လက်ငင်းမစံစားရတောင် နောင်တစ်ချိန်မှာ မုချစံစားခံစားရလိမ့်မယ်....
ပတ်ဝန်းကျင်ဆိုတာ ချီးမွန်းရင် ၇ ရက် ကဲ့ရက် ၇ ရက်ပါဆိုပြီး ဂရုမစိုက်တဲ့လူတွေ အများကြီးပါ
၇ ရက်ကျော်သွားလို့ ဘာမှထပ်မပြောကြတော့ပေမဲ့ အားလုံးသတိထားမိဖို
ကျနော် ပြောမယ်..သမိုင်းမှတော့ကြံနေခဲ့တယ်ဆိုတာ သတိပေးချင်းတယ်
အဓိကပြောချင်တာ မိန်းခလေးတွေပါ ချစ်ညီမလေးများအားလုံး...
အသိ သတိ အကြည့် လေးတွေနဲ့ စဉ်းစားပြီး ဆင်ခြင်နိုင်ကြပါစေကွာ..။

*** ဇာနည် ***
www.baganthulay.blogspot.com

No comments:

Post a Comment